Tuesday, November 29, 2011

ဒီတိုင်းဆက်မယ်

ခု တင်မယ် ပို့စ်လေးက ဘာရယ် မဟုတ်ပါဘူး လွယ်လွယ်ကူကူ နဲ့ mp3 file နဲ့ video file တွေကို ဘာ
software အကူအညီမှမလိုပဲ ချိတ်ဆက်ပုံလေး ပေါင်းစပ်ပုံလေးပေါ့ဗျာ သီချင်းနှစ်ပုဒ်ကို တစ်ပုဒ်ထဲဖြစ်အောင်ဆက်မယ်

တချို့ ဗီဒီယိုဖိုင်တွေကို နစ်ပိုင်းပိုင်းထားတာတွေ့ရမယ် အဲဒါကို တစ်ပိုင်းတည်းအနေနဲ့ တစ်ဆက်တည်းကြည့်လို့ရအောင်ဆက်မှာပါ အဲလိုအဲလိုပြောတာ command line interface နဲ့ အကျွမ်းတဝင်မရှိတဲ့ သူငယ်ချင်းများပါ အဆင်ပြေအောင် ပုံလေးတွေနဲ့တကွ နမူနာလုပ်နည်းလေး တင်ပေးလိုက်ပါတယ် ပထမဆုံးအနေနဲ့
 desktop ပေါ်မှာရှိတဲ့ Audio <1>  နဲ့ Audio <2> ဆိုတဲ့ mp3 နစ်ဖိုင်ကိုဆက်ကြည့်မယ်ဗျာ အောက်ကလိုပေါ့

window key + R ရယ်တွဲနိပ်လိုက်မှာ ဒီလိုလေးကျလာလိမ့်မယ်

အဲထဲမှာ cmd လို့ပုံမှာ ပြထားတဲ့ အတိုင်းလိုက်ရိုက်လိုက် ပေါ့ အဲမှာ အောက်လို အမဲရောင်ဘောက်စ်တစ်ခုထပ်ကျလိမ့်မယ်ဗျာ

အဲအမဲရောင် ဘောက်စ်ထဲမှာ ပဲ cd desktop လို့ ထပ်ရိုက်ဗျာ ဘာလို့လည်းဆိုတော့ ဆက်ချင်တဲ့အသံဖိုင်တွေကdesktop ပေါ်မှာရှိတာကိုးဗျာ့နော့

ရိုက်ပြီးရင် desktop ထဲရောက်သွားမယ်ဗျာ အောက်ကလိုလေးပေါ့


အဲမှာထပ်ပြီးတော့ copy /b audio<1>.mp3 + audio<2>.mp3 newaudio.mp3 လို့ရိုက်ပြီး enter ခေါက်ဗျာ

အောက်ကလိုလေး 1 file<s> copied ဆိုပြီး ကျလာလိမ့်မယ်

copy /b ဆိုတာက command ပါ audio<1>.mp3 + audio<2>.mp3 ဆိုတာက ဆက်မယ် အသံဖိုင်နစ်ဖိုင်ပါ နောက်က newaudio.mp3 ဆိုတာက ဆက်ပြီးရင် ဘာနဲ့သိမ်းမလည်းဆိုတဲ့ သိမ်းမယ့် နာမည်ပါ နောက်မှာ .mp3 ဆိုတဲ့ extension ပါပါတယ်သတိမူပါ
အဲလိုလေးပြီးသွားရင် desktop ပေါ်မှာ ခုနက  အသစ်ပေးထားတဲ့ newaudio.mp3 ဖိုင်လေးအသစ်ရောက်နေပါလိမ့်မယ် အဲမှာ တင် ပေါင်းစပ်ချင်းလုပ်ငန်းပြီးပါပြီ အလာတူးပဲ
video file နစ်ဖိုင်ကိုလည်း ဒီသဘောတရားတိုင်း ဆက်နိုင်ပါတယ် စိတ်ဝင်စားမယ်ဆိုရင် ဆက်ကြည့်ကြပါ

No comments:

Post a Comment